ကျိုက်ဒုံ ဇန်နဝါရီ ၃ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၊ ဝင်းလုံကျေးရွာ တောင်သူ ဦးဝင်းညွှန့်၏ စိုက်ခင်းတွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်များနှင့်ပန်းများ စိုက် ပျိုးထားခြင်းကြောင့် နေ့စဉ် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ခင်းတွင် ဗူးသီး၊ ရုံးပတေသီး၊ ဗိုလ်စားပဲ၊ မုန်လာ၊ မုန်ညှင်းများစသည့် ဟင်းသီးဟင်းရွက်များနှင့် သစ်ခွဖော့ဖာပန်း၊ အယ်စတာပန်းများကို စနစ်တကျ စိုက်ပျိုးထားသည်။အဆိုပါ စိုက်ခင်းမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များနှင့်ပန်းများအား ကျိုက်ဒုံမြို့မစျေးတွင် ပြန်လည်ရောင်းချရာ တစ်ရက်လျင် မိသားစုအပိုဝင်ငွေ (၃၀၀၀၀)ကျပ်အထိ ရရှိနေကြကြောင်း၊ စိုက်ပျိုးနည်းပညာများကို ကျိုက်ဒုံမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ပြသဆောင်ရွက်ပေးထားကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်