ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ရောက်ရှိရန် ၅ စင်တီမီတာသာလို

ညောင်ဦး ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၀၈ စင်တီမီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ်၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၅ စင်တီမီတာသာလိုတော့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းတာမှုအရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၀၈ စင်တီမီတာနှင့် နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ၂၁၁၅ စင်တီမီတာသို့ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စတင်မီတာသို့ ရောက်ရှိရန်  ၅ စင်တာမီတာသာလိုတော့ကြောင်းသိရပြီး နောက်နေ့တွင် စိုးရိမ်ရေမှတ်ကျော်လွန်နိုင်ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေကြီးမှု စိုးရေရေမှတ်အခြေအနေများအား ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦးထံက သိရသည်။

ကိုထိန်၊KPD