ပြင်စလူမြို့တွင် ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲနိုင်မည့် နည်းလမ်းအသိပညာပေး ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ပြင်စလူ      ဇန်နဝါရီလ     

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးစီးမှူးဦးအောင်မိုးဇော်နှင့်ဝန်ထမ်းများက ပြင်စလူမြို့၊ လျှပ်စစ်သုံးစွဲသူ မိဘပြည်သူများ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများပါ အသိပညာပေး ဗီနှိုင်းပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနနက် (၁၀)နာရီ အချိန်က ပြည်ထောင်စုလမ်းမကြီးနှင့် ကမ်းနားလမ်းဆုံရာ မြေစိုက်ဘုတ်၌ အသိပညာပေးဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးပိုစတာများတွင် ပြင်ပအလင်းရောင်ကိုအသုံးချပါ၊မလိုအပ်သော အိမ်တွင်းလျှပ်စစ်မီးများကိုလျော့သုံးပါ။မျက်နှာသစ်စဥ်၊သွားတိုက်နေစဥ်ရေပိုက်ခေါင်းကိုဖွင့်ထားပါက ရေဆုံးရှုံးရပြီး ရေပြန်တင်ရန်လျှပ်စစ်သုံးဖို့လိုအပ်လာမည်၊ဒါကြောင့် သွားတိုက်နေစဥ် ရေပိုက်ခေါင်းကိုပိတ်ထားခြင်းဖြင့်လျှပ်စစ်ကိုချွေတာပါ။လမ်းမီးများ၊ခြံတွင်းမီးများကိုနေ​ရောင်ခြည်သုံးLED မီးစနစ်အားအတတ်နိုင်ဆုံးအသုံးပြုပါ၊မီးပူတိုက်နေစဥ်၊တစ်ခုခုလုပ်ရန် ခေတ္တထသွားပါက မီးပူခလုပ်ကို ပိတ်ခဲ့ခြင်းဖြင့်လျှပ်စစ်အသုံးကိုချွေတာပါ အစရှိသည့်လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးနည်းလမ်းများပါ ဗီနှိုင်းပိုစတာများကိုစိုက်ထူခြင်းနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများမှ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရသည်။

လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရန်လိုအပ်သည့်ဗီနှိုင်းပိုစတာ စိုက်ထူခြင်းတွင် မြို့အုပ်ချုပ်ရေးမှူး ၊ဦးရဲဝင့်ထွန်းနှင့်မြို့အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်အတွင်းရှိဒေသခံပြည်သူများပူးပေါင်းပါဝင်အားပေးခဲ့ကြောင်းသိရသည်။

ဇော်ဝင်းထွန်း