မြောင်းမြ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉း၀၀)နာရီမှ စတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၄)ရပ်ကွက် ရွှေသာလျောင်းဘုရားဝန်း မိုးကုတ်ဓမ္မာရုံရှေ့နတ်လမ်း၊ ကံကြီးတိုက်နယ်နှင့် အုန်းပင်ကျေးရွာများရှိဆေးထိုးစုရပ်အသီးသီးတွင် စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ခြင်းနှင့် ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယ အကြိမ် စနစ်တကျ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီးကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအားလည်းဆက်လက်ထိုးနှံပေးနိုင်ရေးစီစဥ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှု ဖြင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
စန္ဒာကြည်