ပန်းတနော် ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားအား ကျုံတုံးကြီးကျေးရွာအုပ်စု လက်ပန်ပင်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကရင်အမျိုးသားသီချင်းသီဆို၍ ကရင်အမျိုးသား အလံတင်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံကို အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။
အဆိုပါ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က နှစ်သစ်ကူးအားပေးနုတ်ဆက်စကားပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုတို့မှ အလှူငွေကျပ် ၁ သိန်းတို့အား ပေးအပ်လှူဒါန်းခဲ့သည်။ထို့နောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပရာ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌက နှစ်သစ်ကူးဆုတောင်းစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်