ပြင်စလူမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြင်စလူ ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား ယနေ့ နံနက် (၉:၃၀) နာရီ၌ မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။ 

အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးတစ်လျှောက် ချုပ်ဆိုခဲ့သည့် စာချုပ်များ၊လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ အမျိုးသားညီညွတ်ရေး၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ တို့များဆင်မြန်းလွတ်လပ်ပန်းကဗျာ၊ ကာတွန်း၊ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ  ရက်နေ့ ပထမဆုံသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ စသည့်အကြောင်းအရာများ ပါရှိသည်။

ယနေ့ဖြန့်ဝေသည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ စောင်ရေတစ်သိန်း ထုတ်ဝေခဲ့ပြီးပြည်သူများလက်ဝယ် အခမဲ့ဖြန့်ဝေပေးနိုင်ရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဇော်ဝင်းထွန်း