ရှမ်းရွာသစ် ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာပေမှရရှိသည် အကျိုးကျေးဇူးများကို သိရှိစေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ဟော ပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်း (၁၀) နာရီအချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသား/သူ လူငယ်လူရွယ်လေးများ နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်အမြဲသတိရစေရန်အတွက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေး၏အဓိပ္ပာယ်၊ ဗိုလ် ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ စသည့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် သိကောင်းစရာများကို ကျောင်းသား/သူများတို့အား ဟောပြောပြီးနောက် စာကြည့်တိုက်တွင် စာအုပ်များ လာရောက်ငှားရမ်းသည့် အလေ့အကျင့်ရှိစေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ကလေးစာပေနှင့် ပတ်သက်သည့် စာအုပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများတို့က စိတ်ဝင်စားစွာကြည့်ရှုလေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)