သံတောင်ကြီးမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းလက်ကမ်းစာစောင်အခမဲ့ဖြန့်ဝေ

သံတောင်ကြီး     ဇန်နဝါရီ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် လွတ်လပ်ရေးနေ့ အောက်မေ့သတိရစေရန်နှင့် မမေ့ပျောက်စေရန်အတွက် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ၏ (၆)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက် ၊ ၁၉၄၈ ခုနှစ်၊ဇန်နဝါရီလ(၄)ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီး ချုပ်ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ ဖိုးလေးလုံးသောင်းကိုကို၏ တို့များဆင်မြန်းလွတ်လပ်ပန်းကဗျာနှင့် ကာတွန်း စသည်တို့ကို ဝေဝေဆာဆာထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)