ဒိုက်ဦးမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအသက် ၁၅ နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ဒိုက်ဦး  ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့မအားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံအတွင်း၌ ယမန်နေ့နံနက်(၉)နာရီအချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသက် ၁၅ နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲအသင်း၁၂ သင်းပါဝင်ပြီး ၄ အုပ်စုပတ်လည်ဖြင့် ပတ်လည်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ လွတ်လပ်ရေးနေ့၌ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ သွားမည်ဖြစ်သည်။

ယင်းယှဉ်ပြိုင်ပွဲသို့ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်ပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)