ရှမ်းရွာသစ်မြို့မဲသမူးကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် လက်ဝယ် အရောက် ထောက်ပံ့ငွေများပေးအပ်

ရှမ်းရွာသစ် ဇန်နဝါရီ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ) အတွက် မဲသမူးကျေးရွာအုပ်စုရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက လက်ဝယ်အရောက် လိုက်လံပေးအပ်လျက်ရှိ ကြောင်း သိရှိရသည်။

အဆိုပါ လုပ်ငန်းတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားပြီးနောက် မဲသမူးကျေးရွာအုပ်စုရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့် ရှိသည့် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၂) ဦးအတွက် တစ်ဦးလျှင် ကျပ် (၃၀၀၀၀/-) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၆၀၀၀၀/-) ကျပ်ကို အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုတို့တွင် လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက် (၈၅) နှစ်အထက် အဘိုး(၂၇)ဦး၊ အဘွား (၄၅)ဦး၊ စုစုပေါင်း (၇၂)ဦးရှိပြီး လက်ဝယ်အရောက် ရရှိရေးအတွက် အိမ်တိုင်ရာရောက် လိုက်လံပေးအပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)