ပုသိမ်မြို့၊ ကမ်းနားလမ်း ကတ္တရာကွန်ကရစ်(AC)လမ်းသစ်ဖွင့်ပွဲနှင့် ပုသိမ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ ရာမညလမ်းသွယ်(၂)(၃)(၇)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ 

ပုသိမ် ဇန်နဝါရီလ ၃

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ကမ်းနားလမ်းတွင် ကျင်းပ ပြုလုပ်သည့် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပုသိမ်မြို့ ကမ်းနားလမ်း ကျောက်ထီးမှ ဈေးချောင်းတံတားထိပ်အထိ (၂၆၅၀) ပေ(၂၄)ပေ ()လက်မထု ကတ္တရာကွန်ကရစ်(AC)လမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ပုသိမ်မြို့၊ ကမ်းနားလမ်းသည် ယခင်က ရေယာဉ်ခရီးသည် အဝင်အထွက်များပြားမှု၊ ကုန်စည်တင်ချမှုများကြောင့် လမ်းကျဉ်းမှုနှင့် ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထိုအခက်အခဲများကိုဖြေရှင်းရန်အတွက် ကမ်းနားလမ်းအား နှစ်လမ်းမောင်းအဖြစ် ချဲ့ထွင်နိုင်ရေး သက်ဆိုင်ရာဌာနများအား ညွှန်ကြားဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု အခါ ပြည်သူများအနေဖြင့် ကမ်းနားလမ်းအား ယာဉ်အန္တရာယ် ကင်းရှင်းစွာနှင့် စိတ်ချမ်းသာစွာ အသုံးပြုနိုင်ပြီဖြစ်ပါကြောင်းနှင့် လမ်းမကြီးရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်သော မြို့ဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါတယ်။ထို့နောက် လမ်းဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ)မှ ကမ်းနားလမ်းကတ္တရာ ကွန်ကရစ် (AC)လမ်းခင်းခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ  ကမ်းနားလမ်း ကတ္တရာကွန်ကရစ် (AC)လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရပစ္စည်းများအား လက်ခံရယူခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြ၍ ကမ်းနားလမ်း ကတ္တရာကွန်ကရစ်(AC) လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်()ရပ်ကွက်၊ ရာမည လမ်းသွယ်()လမ်းတွင် ကျင်းပပြုလုပ်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ပုသိမ်မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ပြည်သူပူးပေါင်းဆောင်ရွက်သော ရာမညလမ်းသွယ်()လမ်း (၄၅၀ ပေ  ၁၀ ပေ  လက်မ) ရာမညလမ်းသွယ် ()လမ်း (၄၅၀ ပေ  ၁၀ ပေ  လက်မ) ရာမည လမ်းသွယ်()လမ်း (၄၅၀ ပေ  ၁၀ ပေ  လက်မ) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်အမှုဆောင် အရာရှိမှ ကွန်ကရစ်လမ်းသစ်ခင်းခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကာ လမ်းဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းများပေးအပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှလမ်းသစ်ဖွင့်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ရာမညလမ်းသွယ်()လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကာ ရပ်ကွက်နေပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။ အလားတူ ရာမညလမ်းသွယ်()လမ်းနှင့် လမ်းသွယ်()လမ်းကွန်ကရစ်လမ်းသစ်များအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းသစ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရပ်ကွက်နေပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။