လိပ်သိုမြို့  အားကစားကွင်းတွင်  ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကျင်းပ  

လိပ်သို   ဇန်နဝါရီ   ၃

 ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြီးမှူးကျင်းပသော  ၂၇၆၁ ခုနှစ်  ကရင်နှစ်သစ်ကူးနေ့အခမ်းအနားတစ်ရပ်ကို   ယမန်နေ့က  ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ  ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ  ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

အခမ်းအနား  ပထမပိုင်းတွင်  တံခွန်တိုင်စိုက်ထူခြင်း၊  ကရင်အမျိုးသားအလံတော်  အလေးပြု ခြင်း၊  ကရင်အမျိုးသားသီချင်း  သီဆိုခြင်းများ  ဆောင်ရွက်ပြီး   ဒုတိယပိုင်းအစီအစဉ်အား   ကက်သလစ်ဓမ္မာရုံတွင်  ဆက်လက်ကျင်းပသည်။ 

ဒုတိယပိုင်းအစီအစဉ်တွင်  ကရင်ပြည်နယ် ဝန်ကြီးချုပ်မှပေးပို့သော  ကရင်နှစ်သစ်ကူး သဝဏ် လွှာကို သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးသိန်းဆင့်မှ ဖတ်ကြားပြီး ကရင်အမျိုးသား အစည်းအရုံးမှပေးပို့သော နှစ်သစ်ကူးသဝဏ်လွှာ ကို   ပဒိုဂျီစိန်ထွဋ်မှ  ဖတ်ကြားခဲ့သည်။  အဆိုပါအခမ်းအနားတွင်  မြို့အဆင့်ဌာနဆိုင်ရာ အကြီး အကဲများ၊ ဒေသခံပြည်သူများအင်အား (၁၃၀) ကျော်ခန့်တက်ရောက်ခဲ့ပြီး ဒေသခံများက   ကရင်ရိုးရာ အကများဖြင့်   ဖျော်ဖြေခဲ့ကြောင်း သိရသည်။

မြို့(ပြန်/ဆက်)