ရွှေတောင်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူ များအား (ဒုတိအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရွှေတောင်  ဇန်နဝါရီ  ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူ များအား (ဒုတိအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈း၃၀)နာရီမှ စတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြာနီကန် ရပ်ကွက်ရွှေသနာ့ဗိမာန်နှင့် ဆေးထိုးစုရပ်အသီးသီးတွင် စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ခြင်းနှင့် ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် စနစ်တကျ ထိုးနှံပေးခဲ့ပြီးကိုဗစ် -၁၉ကာကွယ် ဆေးထိုး နှံပြီး မှတ်တမ်းကတ်ပြားထုတ်ပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှု ဖြင့် မြို့နယ်ကျန်းမာရေး တာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)