ဝန်းသိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြှင့်စက်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်မည်

ဝန်းသို  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြှင့်စက်ချုပ်သင်တန်းကို  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ()ရက်နေ့မှစတင်၍ တစ်လကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားဖြစ်ကြောင်း  သိရသည်။

"ကျွန်တော်တို့ဌာနကဦးစီးပြီးတော့ မြို့နယ်အတွင်းမှာ အသက်မွေးဝမ်းကျောင်းအထောက် အကူပြုသင်တန်းများဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာသင်တန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းပညာ သင်တန်း၊ အိမ်တွင်းမှုသင်တန်း၊ အခြေခံဆံပင်၊မိတ်ကပ်အလှပြင်သင်တန်း၊ ခြေခံဆိုင်ကယ်ပြင်သင် တန်း စတဲ့သင်တန်းများကို အကြိမ်ရေပေါင်း(၂၀)ထိဖွင့်လှစ်ပေးနိုင်ခဲ့ပြီးတော့ သင်တန်းသား/သင်တန်းသူ ဦးရေပေါင်း (၇၀၀)ကျော်ထိ သင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်" ဟု မြို့နယ်ဦးစီးမှူးဦးမြတ်မျိုးထွန်းက ပြောသည်။

ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ၂၀၁၅-၂၀၆ ခုဘဏ္ဍာရေးနှစ်တွင် သုံးကြိမ်၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် ငါးကြိမ်၊ ၂၀၁၈-၂၀၁၉ ခု (Mini Budget )တွင် တစ်ကြိမ်၊ ၂၀၁၈-၂၀၁၉ ခု(၁၂) ဘဏ္ဍာရေးနှစ်တွင် ငါးကြိမ်၊ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် သုံးကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်တွင် သုံးကြိမ်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပြီးစီးပြီဖြစ်ပြီး အဆင့်မြှင့်စက်ချုပ်သင်တန်းတစ်ကြိမ်ဖွင့်လှစ်ရန် ကျန်ရှိသဖြင့် သင်တန်းသား များကိုခေါ်ယူလျက်ရှိကြောင်း သိရသည်။

မြို့နယ်