သီပေါမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်

သီပေါ  ဇန်နဝါရီ  ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)နှင့် အမျိုးသမီးအသင်း(Women Club)  အဖွဲ့ဝင်များဖြင့် စာရေးဆရာ နန္ဒဝင်း(ဆေး-၁)၏ “လူတွေနားနေပါ ပညာတွေ အလုပ်လုပ်ကြပါစေ” စာအုပ်နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်ခင်နီလာစိုးက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခြင်းကြောင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေအသိအမြင်များ အပြန်အလှန် နှီးနှော ဖလှယ်နိုင်စေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်စေရန်၊ စာပေကိုချစ်မြတ်နိုး၍ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် အမျိုးသမီးအသင်း(Women Club)  အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို   ကြိုက်နှစ်သက်ရာခေါင်းစဉ် တစ်ခုချင်း အလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲအား တစ်လလျှင် (၁)ကြိမ်ပြုလုပ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)