ချောက် ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေ ၃နာရီ အချိန်က စတင်ကာမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီး၍ မြို့နယ အားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
ယနေ့ ပြေးခုန်ပစ်ပြိုင်ပွဲ (ကျား/မ) ကို ဇန်နဝါရီ ၂ ရက်နေ့တွင် မြို့နယ်အားကစားကွင်း၌ အလွတ်တန်းမီတာ (၁၀၀)၊ သံလုံးပစ်၊ အလျားခုန်၊ အမြင့်ခုန်တို့အား နံနက် ၇နာရီမှ စတင် ကျင်းပခဲ့ပြီး အလားတူ ၄ပေ ၄လက်မ (ကျား/မ) ပြေးခုန်ပစ် ၇၅ မီတာ၊ မုန့်စား၊ ခြေပူးလိမ်၊ အာလူးကောက်၊ အဝတ်စားဝတ်၊ အပ်ထိုးပြိုင်ပွဲတို့အပြင် စားပွဲတင်တင်းနစ်ပြိုင်ပွဲ (ကျား) ပြိုင်ပွဲဝင်(၂၀)ဦးဖြင့် လူငယ်တန်း၊ အလွတ်တန်း ဇန်နဝါရီ ၁ ရက်နေ့က ချောက်ရေနံမြေ အပန်းဖြေရိပ်သာ (၁) တွင် ကျင်းပသည်။ အားကစားပြိုင်ပွဲ အသီးသီးတွင် ဆုရသူများကို (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဇန်နဝါရီလ (၄) ရက်နေ့၌ မြို့နယ် အားကစားကွင်းတွင် ချီးမြှင့်ပေးအပ်သွား မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။
ကျော်မိုး(ပြန်/ဆက်)