(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

ဖျာပုံ  ဇန်နဝါရီ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲကို ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၇)နာရီအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်းကြီးနှင့်အထက-၁ ကျောင်းတွင် ကျင်းပ ပြုလုပ်ကြသည်။

အဆိုပါအားကစားပြိုင်ပွဲတွင် ဖျာပုံမြို့နယ် ပညာရေးမှူးဒေါ်တင်ရီက  ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး အမှတ်ပေးအကဲဖြတ်ဒိုင်ချုပ်များက  အားကစားနည်းအလိုက် စည်းကမ်းချက်များ ရှင်းလင်းပြောကြားကြသည်။ ထိုနောက် အားကစားသမားများမှ သစ္စာဓိ ဌာန် (၄) ချက်ရွတ်ဆိုကာအားကစားပြိုင်ပွဲကို ဖွင့်လှစ်ကြသည်။(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူ(၂၀၀)ကျော်မှ အားကစား နည်း(၆)မျိုးဖြစ်သော ထုတ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပူပေါင်းဖေါက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများကို ကျင်းပြုလုပ်ကြပြီး ပြိုင်ပွဲအလိုက် ဆုချီးမြှင့်ပွဲကို  ညနေ (၃)နာရီအချိန်တွင်     ဖျာပုံမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)