ခင်ဦ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာန တို့ပူးပေါင်းပြီး (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့က လူထုအခြေပြု ဗဟိုဌာနတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် အလယ်တန်းကျောင်းအုပ်ဆရာမ ဒေါ်မာမာချိုက လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း ချုပ်ဆိုခဲ့သော စာချုပ်များ၊ ကျူးကျော်စစ် သုံးကြိမ်ပေါ်ပေါက်လာမှု၊ လွတ်လပ်ရေးနေ့ သမိုင်းကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
စိုးဝေအောင်(ခင်ဦး)