မြင်းမူမြို့နယ်တွင် ဒေသခံရဟန်းရှင်ပြည်သူ(၄၆၁၀၂)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး

မြင်းမူ  ဇန်နဝါရီ   ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ဒီဇင်ဘာလ(၃၁)ရက်နေ့ထိ သာဿနာ့အနွယ်ဝင် ရဟန်းသံဃာတော်များ၊ မယ်သီလရှင်များ၊  အသက်(၁၂)နှစ်ပြည့်ပြီးသူ ကျောင်းသား/ကျောင်းသူများအပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူပေါင်း(၄၆၁၀၂)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံသာဿနာ့အနွယ်ဝင်များ ပြည်သူများ အပါအဝင်စုစုပေါင်း (၉၉၀၅၂)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် လျှာထားဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီလ (၃၁)ရက်နေ့ထိ (၂၀၅၇၉)ဦးကို ပထမအကြိမ် ကာကွယ်ဆေးနှင့် ဒုတိယအကြိမ်ဒုတ်ယအကြိမ်အဖြစ် (၁၇၅၂၃)ဦးကိုထိုးခဲ့ပြီးဖြစ်ရာ ယခုအချိန်ထိ မြင်းမူမြို့နယ် အနေဖြင့်စုစုပေါင်း ဒေသခံရဟန်းရှင်ပြည်သူကျောင်းသား/သူပေါင်း (၄၆၁၀၂)ဦးထိုးနှံ ပြီးစီပြီဖြစ်‌ကြောင်းနှင့် ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား မြို့နယ်ပြည်သူ့အားကစားရုံ  (မိုးလုံလေလုံ) အားကစားခန်းမတစ်နေရာတည်းတွင်သာ  နေ့စဉ်နံနက်(၈)နာရီမှ  နေ့လည် (၁၂)နာရီအထိ   ထိုးနှံပေးလျှက်ရှိကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါ ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်အတူ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 အောင်စိုးဖေ(မြင်းမူ)