မင်းလှမြို့နယ်အတွင်းရှိကျေးလက်လမ်းများတွင် မြေသားဘောင်ချဲ့၍မြေနီခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး

အထက်မင်းလှ       ဇန်နဝါရီ    ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ၆ လတွင် မကွေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်လမ်းများအား မြေသားဘောင်ချဲ့၍ မြေနီခင်းခြင်းလုပ်ငန်းကို   မင်းလှမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်တွင် ကျောက်ထပ်-ပုသိမ်-မုံရွာလမ်း ၂ မိုင်၂ ဖာလုံလမ်းအား မြေသားဘောင်ချဲ့၍ မြေနီခင်းခြင်းလုပ်ငန်း၊    စမ်းလယ်-ပုသိမ်-မုံရွာလမ်း၂ မိုင် ၄ ဖာလုံအား     မြေသားဘောင်ချဲ့၍ မြေနီခင်းခြင်းလုပ်ငန်း၊ ဆင်မတောင်-ညောင်ဝိုင်း-သရက်-မင်းလှလမ်း၂ မိုင်၂ ဖာလုံမှ ၄ မိုင်၃ ဖာလုံအထိ မြေသားဘောင်ချဲ့၍‌ မြေနီခင်းခြင်း လုပ်ငန်း၂မိုင်၁ဖာလုံ၊ ကန်ကျော(မင်းလှမြို့နယ်) -ကြက်လောင်း(မင်းတုန်းမြို့နယ်) မြို့နယ်ချင်းဆက်လမ်း ၂ မိုင် ၄ ဖာလုံမြေသားဘောင်ချဲ့၍   မြေနီခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် Nine  Elephant ကုမ္ပဏီနှင့် ထက်မိုးမာန်ကုမ္ပဏီတို့မှ   တာဝန်ယူဆောင်ရွက်လျက် ရှိရာမြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ  တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)