အထက်မင်းလှ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်၊ ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ဆေးထိုး စုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးလျက်ရှိပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံရာတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စတုတ္ထအသုတ်၊ ဒုတိယအကြိမ် ထိုးနှံရန် လူဦးရေ ၈၉၄၅ ဦး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) စတုတ္တအသုတ်၊ ဒုတိယအကြိမ်ထိုးနှံရန်လူဦးရေ ၆၈၄၂ ဦး ရှိရာ ယမန်နေ့အထိ ဆေးထိုးစုရပ်များ၌ (Sinopharm) ကာကွယ်ဆေးထိုးနှံပြီးသူ ၆၉၂၀ ဦး၊ (Sinovac) ကာကွယ်ဆေး ထိုးနှံပြီးသူ ၆၁၈၆ ဦး ရှိပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား သက်ဆိုင်ရာ သတ်မှတ် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ (အထက်မင်းလှ)