မြို့သစ်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဌာနပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

မြို့သစ်    ဇန်နဝါရီ      ၂

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄  ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့မပြည်သူ့ အားကစားကွင်း အတွင်း၌ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ  ပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင်  မြို့သစ်မြို့နယ်ရှိ  ပိုက်ကျော်ခြင်း အားကစားအသင်း(၈) သင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကာ ပထမနေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအသင်းနှင့် မြို့နယ်လျှပ်စစ်ဝန်ထမ်းများ အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အသင်းက အနိုင်ရရှိခဲ့ပြီး ကျန်ရှိသော ဌာနဆိုင်ရာ အသင်းအဖွဲ့များကိုလည်း ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်းနှင့် ဆုရရှိသည့် အသင်းများအား (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေး ကော်မတီ၊  မြို့နယ်စီမံကောင်စီအုပ်ချုပ်ရေးအဖွဲ့မှ  ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဇော် (ပြန်/ဆက်)