မြန်အောင်မြို့နယ် ကဇွန်းခုံလျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ နွေစပါးနှင့်အခြားသီးနှံ လျာထား ဧက (၅၀၀) စိုက်ပျိုးနိုင်ရန် ရေစတင်ပေးဝေလျက်ရှိ

မြန်အောင်  ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ကဇွန်းခုံလျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ နွေစပါးနှင့် အခြားသီးနှံ လျာထားဧက (၅၀၀) စိုက်ပျိုးနိုင်ရန် ယနေ့နံနက်မှစ၍ ရေပေးဝေလျက်ရှိကြောင်း သိရသည်။

မြန်အောင်မြို့နယ်  ကဇွန်းခုံလျှပ်စစ်မြစ်ရေတင်စီမံ ကိန်းမှ မြန်အောင်မြို့နယ် ကဇွန်းခုံကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာအုပ်စုနှင့် ကနောင်အမှတ်(၅) ရပ်ကွက်တို့ရှိ နွေစပါးလျာထား ဧက(၃၀၀)နှင့် အခြားသီးနှံ လျာထားဧက (၂၀၀) စိုက်ပျိူနိုင်ရန် ရေပေးဝေလျက်ရှိကြောင်း သိရသည်။

ကဇွန်းခုံလျှပ်စစ်မြစ်ရေတင် စီမံကိန်းမှ ရေပေးသွားမည့် နွေစပါးနှင့်အခြားသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ နွေနှမ်းစသည့် သီးနှံများစိုက်ပျိုးနိုင်ရန်  DY-1၊ DY-2၊ DY-3၊ DY-4 ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး၊ ရေအသုံးချမည့် တောင်သူများ ရေအပြည့်အဝရရှိပြီး သီးနှံများအောင်မြင်ဖြစ်ထွန်းစေရန် အတွက်ရေပေးဝေမည့် မြောင်းများ ကောင်းမွန်စေရန် ဆောင်ရွက်ထားရှိကြောင်း မြန်အောင်မြို့နယ်ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ဦးစီးအရာရှိ ဦးခိုင်မင်းအောင် ထံမှ သိရသည်။

ဝင်းဗိုလ် မြန်အောင်