ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းရွာသစ် ဇန်နဝါရီ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅) နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၇၂)ဦးအတွက် တစ်ဉီးလျှင်ကျပ်(၃၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၁၆၀၀၀၀/-) ကျပ်တိတိကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လက်ဝယ်အရောက် ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ် မြို့ပေါ်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု()အုပ်စုတို့တွင် လူမှုရေးပင်စင် ခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် အဘိုး(၂၇)ဦး၊ အဘွား (၄၅)ဦး၊ စုစုပေါင်း (၇၂)ဦးရှိပြီး လက်ဝယ်အရောက် ရရှိရေးအတွက် အိမ်တိုင်ရာရောက် လိုက်လံပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)