ကြံခင်း ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဖူဆယ်ဘောလုံးပြိုင်ပွဲကို အားကစားသမားကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ယနေ့နံနက် (၈)နာရီ အချိန်က ကြံခင်းမြို့(အထက)ကျောင်းရှေ့ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုနောက်မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနေလင်းမှပြိုင်ပွဲဝင်ကြမည့် အားကစားသမားများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အားကစားစိတ်ဓာတ်ဖြင့်ယှဉ်ပြိုင်ကစားရန် ပြောကြားပြီး ပြိုင်ပွဲစတင်ကျင်းပ ပြုလုပ်ရာ ပြိုင်ပွဲဝင်အားကစားအသင်း(၁၂)သင်းမှ ရှုံးထွက်ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် ဇန်နဝါရီလ(၂)ရက်နေ့ တွင်အုပ်စုပွဲအနေဖြင့် ဆက်လက်ယှဉ်ပြိုင် ကစားကြမှာဖြစ်ကြောင်း၊ ပြိုင်ပွဲကို ဇန်နဝါရီလ(၁)ရက်နေ့မှ ဇန်နဝါရီလ (၄)ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီး၊ ဇန်နဝါရီ(၄)ရက်နေ့ လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုး