ငွေဆောင်ကမ်းခြေတွင် နှစ်သစ်ကြိုသူများဖြင့် စည်ကားလျက်ရှိ

ငွေဆောင် ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေတွင် လာရောက် အပန်းဖြေရင်း ၂၀၂၂နှစ် သစ်ကို ကြိုဆိုသူများဖြင့် ဒီဇင်ဘာလ ၃၁ ရက်ညတွင် စည်ကားလျက်ရှိကြောင်း သိရသည်။

ခရစ္စမတ်ရုံးပိတ်ရက်ကာလ တွင်လာရောက်လည်ပတ်ကြသည့် ဧည့်သည်ဝင်ရောက်မှုထက် ယမန်နေ့တွင် လာရောက်ကြသည့်ခ ရီးသွားဧည်သည်များ ဝင်ရောက်မှုမှာပိုမို များပြားကြောင်း၊ ကမ်းခြေကို အမှီပြု၍စီးပွားရှာနေကြ သည့်​​ဒေသခံပြည်သူများ ဝင်ငွေကောင်းမွန် လျက်ရှိကြောင်း ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံမှသိရ သည်။ ခရီးသွားဧည့်သည်တစ်ဦးအား မေးမြန်းရာတွင် နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုကြရန်အတွက် သူငယ်ချင်းများစု၍ ရန်ကုန်မြို့မှ ငွေဆောင်ကမ်း​ခြေသို့ လာရောက်ကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ငွေဆောင်ကမ်းခြေအနီးဝန်းကျင်ရှိ မြွေကျွန်း၊ ချစ်သူများကျွန်း၊ ငှက်ကျွန်း၊ ကျွန်းလျားရှည်၊ ဆင်မကျွန်းနှင့် ဘုရားသုံးဆူ၊ မိုးမခဆင်စခန်းများတွင်လည်း လာရောက်လည်ပတ်ကြသူ များပြား လျက် ရှိကြောင်း  သိရသည်။

အဏ္ဏဝါမောင်(ပုသိမ်)