ရွှေတောင် ဇန်နဝါရီ ၁
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး/ စခန်းတွင် ယနေ့နံနက်ပိုင်းက အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး/ စခန်းတပ်ဖွဲ့၀င်များ ကျန်းမာကြံ့ခိုင်ရေး၊ တပ်နေပျော်စေရေး၊ တပ်ဖွဲ့၀င်အချင်းချင်း ကူညီရိုင်းပင်းတတ်စေရေး တို့အတွက် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများမှ နေရာယူ၍ မြို့နယ်မီးသတ်ဦးစီးမှူးမှ အားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်စေရေး၊ မိမိတို့ ခွန်အားရှိသလောက် အစွမ်းကုန် ယှဉ်ပြိုင်စေရေးတို့အတွက် မှာကြားခဲ့ပြီး ပြိုင်ပွဲများ စတင် ကျင်းပပြုလုပ်ခဲ့ကြောင်း ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ကိုကို မင်း