ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများကျင်းပ

ဝါးခယ်မ  ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက (၇၄)နှစ်‌မြောက်လွတ်လပ်ရေးနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် သံကြိုးတိုင်တိုးချဲ့အမက မူလွန်ကျောင်းမှ ကျောင်းသား< ကျောင်းသူများက ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကြက်ဖခွပ်အားကစားပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် ‌ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွင်စေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကိုယ်ကာယလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)