စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာကျောင်းအဆင့် အားကစားပြိုင်ပွဲနှင့် စာစီစာကုံး၊ ကျပန်းစကား ပြောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးရေးနေ့ အထိမ်းအမှတ် အခြေခံပညာ ကျောင်းအဆင့် အားကစားပြိုင်ပွဲနှင့် စာစီစာကုံး၊ ကျပန်း စကားပြောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းခန်းမတွင်ကျင်းပရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အဖွင့်အမှာစကား ပြောကြားပြီး အဆိုပါ အထက်တန်းကျောင်းဝန်းအတွင်း မုံရွာမြို့ပေါ်ရှိ အခြေခံပညာ အလယ်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများမှ အားကစားယှဉ်ပြိုင်နေမှုများအား ကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နန္ဒဝန် ရပ်ကွက်ရှိ၊ အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ) ကျောင်းတွင် ကျင်းပပြုလုပ်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မီတာ ၈၀၀ ကျား၊မ အပြေး ပြိုင်ပွဲများတွင် ဆုများရရှိကြသော အထက် တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး   တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့က မီတာ ၁၀၀ ကျား၊ မ၊ မီတာ ၂၀၀ ကျား၊မ၊ မီတာ ၄၀၀ ကျား၊ မနှင့် အားကစားပြိုင်ပွဲများတွင် ဆုရ ရှိကြသော အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)