ကျွန်းစုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် ဖြန့်ဝေ

ကျွန်းစု  ဒီဇင်ဘာ  ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ကျွန်းစုမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်းကားသောနေရာများတွင် ယမန်နေ့မွန်းလွဲ ()နာရီက ဖြန့်ဝေခဲ့သည်။

အဆိုပါ  အသိပညာပေးလက်ကမ်းစာစောင်တွင်    မြန်မာ့လွတ်လပ်ရေး  ကာလတစ်လျှောက်  ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀..၁၉၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့   အမျိုးသားရေးဦးတည်ချက် ()ရပ်၊ လွတ်လပ်ရေးကိုကာကွယ်ပါ၊ တို့များဆင်မြန်းလွတ်လပ်ပန်းကဗျာ၊  နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီချုပ်    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ()လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ပြောကြားသည့်  မိန်းခွန်းမှ ကောက်နုတ်ချက်၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်၊ ကာတွန်းနှင့်ဆောင်ပုဒ်များ ပါဝင်သော လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စံပယ်ဖြူ(ကျွန်းစု)