ပေါက်ခေါင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မော်တာအပ်ချုပ်စက်သင်တန်းဆင်း

ပေါက်ခေါင်း  ဒီဇင်ဘာ  ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူ ပြုသင်တန်းများကို ဘဏ္ဍာနှစ်များ အလိုက် ကျေးလက်ဒေသအရောက် ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ အဆိုပါသင်တန်းများထဲမှ အုပ်ပုံကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အဆင့်မြှင့်မော်တာအပ်ချုပ်စက်သင်တန်းကို တစ်လကြာသင်တန်းပို့ချပေးခဲ့ရာ ယမန်နေ့ နေ့လယ်ပိုင်းက သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ပြည်ခရိုင်ကျေးလက်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့်မြို့နယ်ဦးစီးမှူး ဦးဌေးဇော် တို့က သင်တန်းဆင်းအမှာစကားများပြောကြား ပြီး၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များ နှင့်မြို့နယ်ကျေးလက်ဦးစီးမှူး တို့ကသင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများ အသီးသီး ချီးမြှင့် ပေးအပ်ခဲ့သည်။

အဆိုပါ  အသက်မွေးဝမ်းကျောင်းဆိုင်ရာ  အထောက်အကူပြုသင်တန်းများကို သင်ကြားပို့ချ ပေးခြင်းဖြင့်ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနှင့်မိသားစု အိုးမကွာ အိမ်မကွာ တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်စီးပွားရေးထူထောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ သိရ သည်။

သန်းထွန်းအောင်(ပြန်/ဆက်)