တမူး၊ ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံးနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲများတွင် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် ထုတ်စည်း ထိုးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများကို ပျော်ရွှင်စွာ ကျင်းပခဲ့ပြီး ဆုရရှိသော ကျောင်းသား/ ကျောင်းသူ များအား လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ထိုသို့ပြိုင်ပွဲများ ကျင်းပ ရခြင်းမှာ ကျောင်းသား/ ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးကို တန်ဖိုးထားတတ်စေရန်၊ စည်းလုံး ညီညွတ်မှု ရှိစေရန်၊ ပူးပေါင်းဆောင်ရွတ်လိုစိတ်ရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြတ်စေရန်နှင့် ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်စေရန်တို့ကိုရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကြီး