အုတ်ဖို ဒီဇင်ဘာ ၃၁
ဒေသခံပြည်သူများ ရေချိုငါးမွေးမြူရေးဆိုင်ရာ အသိပညာများတိုးပွားစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းတွင် ယမန်နေ့ ကရေချိုငါးမွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းတွင် မြေနေရာရွေးချယ်ခြင်း၊ ရေချိုငါးလုပ်ငန်းဥပဒေ၊ ငါးဆေးထိုးသားဖောက်ခြင်း၊ သဘာဝနည်းဖြင့် ရွှေဝါငါးကြင်သားဖောက်ခြင်းနှင့် ငါးမှုံငါးသန် ငါးအစာကျွေးနည်းတို့ကို အုတ်ဖိုမြို့နယ်ငါး လုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိုးသီတာ ဦးဆောင်ကာ စနစ်တကျသင်းတန်းပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူ (၁၆)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)