ဝါးခယ်မမြို့နယ်‌တွင် ပန်းခင်းစီမံချက်ဖြင့် ဆင်ကူးကျေးရွာအုပ်စုရှိပြည်သူ(၁၄၈)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး

ဝါးခယ်မ  ဒီဇင်ဘာ ၃၁

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၈)နာရီ က ဆင်ကူးကျေးရွာ အုပ်စုရှိပြည်သူများအား  အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲကာ‌‌ဆင်ကူး ကျေးရွာအုပ်စုရှိပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀) နှစ်ပြည့် (၃၅)ဦး၊ အသက် (၁၈)နှစ်ပြည့် (၄၈) ဦး၊လဲလှယ် (၄၀)ဦး၊ မိတ္တူ(၂၅)ဦး၊စုစုပေါင်း (၁၄၈)ဦးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

စောသန္တာဦး(ပြန်/ဆက်)