ပွင့်ဖြူ ဒီဇင်ဘာ ၃၁
အဆိုပါ ပြိုင်ပွဲများတွင် မူလတန်းအောက်အဆင့် ကျောင်းသား/သူများက ဂေါ်လီဇွန်းကိုက် ပြိုင် ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မူလတန်းအထက်အဆင့်တွင် အိတ်စွပ်ပြိုင်ပွဲ၊ မီတာ၅၀အပြေး ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီးအလယ်တန်းနှင့်အထက်ဆင့် ကျောင်းသား/ ကျောင်းသူ များက မီတာ ၁၀၀ အလွတ်ပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို လည်း ကောင်း၊ ကျောင်းသူများက ထုပ်ဆီးတိုး ပြိုင်ပွဲများကိုလည်းကောင်း အသီးသီးပျော်ရွှင်စွာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ ကျောင်းသား/သူများမှ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုး ထားတတ်စေရန်၊ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တတ်စေရန်၊အားကစား စိတ်ဓာတ်ကို အရင်းခံ၍ အချင်းချင်းချစ်ခင်ရင်းနှီးမှု၊ဇွဲရှိမှုသည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိမှု၊စည်းကမ်းလိုက်နာမှု၊ယဥ်ကျေးသိမ်မွေ့မှုနှင့်နိုင်ငံ့သားကောင်းများဖြစ်သောအရည်အသွေး ကောင်းများ ရရှိလာစေရန်နှင့် လွတ်လပ်ရေးနေ့ အနှစ်သာရ ဖြစ်သော ပျော်ရွှင်မှုကိုခံစား ရရှိ စေရန် ရည်ရွယ်ကျင်းပပြုလုပ်ကျင်းပခြင်းဖြစ် ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရပြီး ပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား/ကျောင်းသူများအား ၂၀၂၂-ခုနှစ်၊ဇန်နဝါရီ လ၄ရက်နေ့တွင် ကျင်းပမည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့်ဌာန ဆိုင်ရာတာဝန်ရှိသူများမှဆုများပေး အပ်ချီးမြှင့်ပေး သွားမည် ဖြစ် ကြောင်းသိရသည်။
ခင်ဝါဝါလှိုင် ( ပြန်/ဆက် )