လွိုင်လင်မြို့နယ် ပထမအကြိမ်မဲစာရင်းကြေညာထားရှိမှုတွင် ပြင်ဆင် ဖြည့်စွက် လျှောက်ထားသူများ စာရင်းပြင်ဆင်ဆောင်ရွက်

လွိုင်လင်          ဩဂုတ်     ၂၄

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများကို သက်ဆိုင်ရာ ရပ်/ကျေးရုံးများတွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့ အထိကြေညာထားရှိခဲ့သည်။ မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းကြည့်ရှုပြီး  သတ်မှတ်ထားသည့် ပုံစံအသီးသီးဖြင့် လျှောက်ထားရာ လွိုင်လင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၉၃၇၉၁) ရှိရာ မဲစာရင်း လာရောက်ကြည့်ရှုသူ(၂၆၅၁၀)ဦးရှိကြောင်း သိရသည်။

မဲစာရင်းလာရောက်ကြည့်ရှုပြီး ပုံစံ()ဖြင့် လျှောက်ထားသူ( ၁၃၇၃)ဦး၊ ပုံစံ()ဖြင့်လျှောက်ထားသူ(၄၅၁)ဦး နှင့် ပုံစံ(-())ဖြင့် လျှောက်ထားသူ( ၇၂၀)ဦး စုစုပေါင်း( ၂၅၄၄)ရှိကြောင်း သိရသည်။ ၎င်းတို့အထဲမှ ဩဂုတ်လ ၂၃ ရက် ညနေပိုင်းအထိ စာရင်းများအရ  ပုံစံ()လျှောက်ထားသူ( ၈၇၀) ပုံစံ() လျှောက်ထားသူ(၃၀၅) ပုံစံ(-())လျှောက်ထားသူ( ၄၈၀) ဦးတို့ကို စိစစ်ပြင်ဆင် ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် စာရင်းများကိုလည်း ဆက်လက် ဆောင်ရွက်နေပြီဖြစ်ကြောင်း လွိုင်လင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းသန္တာဦး ထံမှ သိရသည်။

မိုးလွင်ဦး(လွိုင်လင်)