ဒိုက်ဦး ဒီဇင်ဘာ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ဒိုက်ဦးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွား စေရန်အတွက် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ကို ယမန်နေ့ နံနက်ပိုင်းအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သောစာချုပ်များ၊ အမျိုးသားညီညွတ်ရေးဆိုသည်မှာ၊ လွတ်လပ်ရေးကိုကာကွယ်ရမယ်၊ ပြည်သူတွေရဲ့အင်အားသည်သာ အဓိက (နိုင်ငံ့ခေါင်းဆောင်ကြီး များ၏ မိန့်ခွန်း ကောက်နှုတ်ချက်များ)၊ စာရေးဆရာ ဖိုးလေးလုံးသောင်းကိုကို ရေးသားသော တို့များဆင်မြန်း လွတ်လပ်ပန်း (ကဗျာ)၊ ကမ္ဘာတည်သ၍ မြန်မာ့လွတ်လပ်ရေးတည်တံ့ ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့ တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်တို့ဖြင့် ထိန်းသိမ်းစောင့် ရှောက်ကြရန် လိုအပ်ကြောင်း လွတ်လပ်ရေးနေ့ အသိပညာပေးကာတွန်းနှင့် ဆောင်ပုဒ်များ ပါဝင်ရာ ကျောင်းသူကျောင်းသားများအနေဖြင့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အချက်အလက်များကို သိရှိရသဖြင့် ဗဟုသုတများစွာရရှိသော လက်ကမ်းစာစောင်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)