ကလေးဝ ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပရာတွင် ပညာရေး ဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ခွဲ၍ ကျောင်းသား/ ကျောင်းသူများအား ကျင်းပခဲ့ပြီး ဆုရရှိသူများအား (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများကို အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)