(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ အင်္ဂပူမြို့နယ်အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိ 

အင်္ဂပူ၊  ဒီဇင်ဘာ ၃၀ 

ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင် အင်္ဂပူမြို့နယ်တွင်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိ‌ရာ ယမန်နေ့ နံနက်က အ.မ.က မြို့မမြောက် ကျောင်းရှေ့ ဘောလုံးကွင်း နှင့် အ.မ.က အမှတ် (၁) ​ကျောင်းရှေ့ အားကစားကွင်းတွင် ကျောင်းသား၊ ကျောင်းသူများမှ မီတာ ၅၀ ဂုံနီအိတ်စွပ်ပြိုင် ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲများကို ကျင်းပြုလုပ်ခဲ့‌ကြောင်းသိရသည်။

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်ကျင်းပပြုလုပ်ပေးခြင်းဖြင့်ကျောင်းသား၊ကျောင်းသူများ လွတ် လပ်ရေး‌နေ့အကြောင်း သိရှိစေရန်၊ အားကစားပြိုင်ပွဲများတွင်  အားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

အားကစားပြိုင်ပွဲများကို အခြေခံပညာအထက်တန်းဆင့်နှင့်အလယ်တန်းဆင့်၊ မူလတန်းအဆင့် ထုတ်ဆီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊  မီတာ ၅၀၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲများကို ကျင်းပ‌ရာ ကျောင်းသား ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူ များအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်