ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၃၀
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေ ရရှိရေး မြစ်ရေတင် စီမံကိန်း ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တက်ရောက်၍ ဆည်မြောင်းနှင့်ရေအသုံချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဦးမှ စီမံကိန်းဆိုင်ရာ အချက်အလက်များအား စတင်ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်ခုဖြစ်သလို မကွေးတိုင်းဒေသကြီးဟာလည်း စိုက်ပျိုးရေးကို အခြေခံတဲ့ ဆီထွက်သီးနှံအများဆုံး စိုက်ပျိုးထုတ်လုပ်ရာ တိုင်းဒေသကြီး တစ်ခုလည်း ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးဟာ နိုင်ငံ၏ကြောရိုးသဖွယ် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်သလို ညံတောအင်းကျေးရွာမှ တောင်သူများ စိုက်ပျိုးရာတွင် အဆင်ပြေစေရန် ယခုမြစ်ရေတင် စီမံကိန်းကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ မြစ်ရေတင် စီမံကိန်းပြီးစီး သွားပါကလည်း ရွာသူ၊ရွာသားအားလုံး ပိုမို၍ ဆထက်ထမ်းပိုး ဝိုင်းဝန်း စောင့်ရှောက် သွားကြရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာသော တောင်သူများနှင့် ညံတောအင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ လမ်းမကောင်းသည့် အတွက် လမ်းခင်းပေးရန် တင်ပြခြင်းအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လမ်းခင်းပေးရန် လျာထားပြီး ဖြစ်ကြောင်း၊ ဇောင်ချမ်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးမှလည်း မြစ်အနောက်ဘက်ခြမ်းမှ ကျေးရွာများအတွက် မည်သည့်ရွာတွင်ဖြစ်စေ မြစ်ရေတင် စီမံကိန်း ဆောင်ရွက်ပေးစေခြင်ကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ် ကားလည်း လိုချင်ပါကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ် တူလူကျေးရွာနှင့် သရက်မြို့နယ် ရွာသစ်ကြီး ကျေးရွာမှ ကျန်ရှိနေသည့် လမ်းအပိုင်းအားလည်း ဆက်လက် ဆောင်ရွက်ပေး စေလိုကြောင်း တင်ပြခြင်း၊ လယ်မကျေးရွာအုပ်ချုပ်ရေးမှူးမှ မီးသတ်ကားတစ်စီး လိုချင်ပါကြောင်း တင်ပြချက်အပေါ် ဝန်ကြီးချုပ်မှ မီးသတ်ကား ဝင်၊ထွက်နိုင်သည့် လမ်းအကျယ်ရှိအောင် ဆောင်ရွက်ထားဖို့လိုကြောင်း၊ ဇောင်ချမ်းတောင် ကျေးရွာသို့ ကွင်းဆင်း၍ မြစ်ရေတင် စီမံကိန်းအတွက် ဆက်လက် ဆောင်ရွက်ပေး သွားမည့်အခြေအနေ များအား ရှင်းလင်းကာ ဝန်ကြီးချုပ်မှ Mask၊ RDT Test Kit ၊Hand Gelများအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဆရာဝန်ကြီးတို့ထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာ သွားကြောင်း သိရသည်။
ချိုချိုဝင်း(ပြန်/ဆက်)