သီးနှံအခြေခံတန်ဘိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲ ကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် (၃/၂၀၂၁) သီးနှံအခြေခံတန်ဘိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးမှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်မှာ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားရေးဘဝ တိုးတက်စေရန်၊ သီးနှံများကို အခြေခံ၍ ကျန်းမာရေးနှင့်ညီညွှတ်သော စံချိန်မီစားသောက်ကုန်များကို ပြည်တွင်း၌ တိုးတက်ထုတ်လုပ်နိုင်စေရန်နှင့် ဒေသခံပြည်သူများကို တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း