အထက်မင်းလှ ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မင်းလှမြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့နံနက် ၉နာရီကဖြန့်ဝေခဲ့သည်။
အဆိုပါ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ (၆)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှု နှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းကောက်နှုတ်ချက်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ရက်နေ့ အလယ်ပစ္စယံ ညီလာခံ၌ ပြောကြားသော မိန့်ခွန်းမှကောက်နှုတ်ချက်၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ စာရေးဆရာ ဖိုးလေးလုံးသောင်းကိုကို ရေးသားသော တို့များဆင်မြန်း လွတ်လပ်ပန်း(ကဗျာ)၊ ကမ္ဘာတည်သရွေ့ စောင့်ရှောက်နှင့် အဆိုအမိန့်များ၊ လွတ်လပ်ရေးနေ့ အသိပညာပေး ရုပ်ပြများ ပါဝင်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)