ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

က‌လေးဝ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစာပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲကျင်းပရာတွင် ပညာရေးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ကလေးငယ်များ၏  ကာယစွမ်းရည်၊ ဉာဏစွမ်းရည်၊ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်း‌ရန် ရည်ရွယ်၍ ကျောင်းတွင်းအားကစားပြိုင်ပွဲကို အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ခွဲ၍ ကျောင်းသား/ကျောင်း သူများအား အိတ်စွပ်ပြိုင်ပွဲ (ကျား)၊ စကောရွက်၊ အာလူးကောက် ပြိုင်ပွဲ(မ)ကို အုပ်စုများခွဲ၍ ကျင်းပခဲ့ကြောင်း ဆုရရှိသူများအား (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများကိုအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)