ပဲခူးခရိုင် (Community Centre) ခန်းမ၌ ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ပဲခူး ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်နန်းမွန်ခမ်းက ဆပ်ပြာရည်ပြုလုပ်နည်းတွင် ပါဝင် ပစ္စည်းများ၏ အမျိုးအမည်၊ ဆက်စပ်ပစ္စည်းများ၊ ထည့်သွင်းအသုံးပြုပုံများအား အဆင့်ဆင့် ရှင်းလင်းပြောကြားကာ တက်ရောက်ကြသည့် သင်တန်းသူ (၁၅)ဦးနှင့် အတူ လက်တွေ့သရုပ်ပြ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)