လှိုင်းဘွဲ ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ယနေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ စတုတ္ထအသုတ်(ဒုတိယအကြိမ်)နှင့် ပဉ္စမအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနေသော ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေး ခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်း စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ထိုးနှံနိုင်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
စတုတ္ထအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် လူဦးရေ (၇၃၅)ဦး၊ပိုက်ကျုံတိုက်နယ်ဆေးရုံတွင် လူဦးရေ( ၆၇၄)ဦး၊ ရွှေဂွန်းတိုက်နယ်ဆေးရုံတွင် လူဦးရေ(၁၈၅)ဦး စုစုပေါင်းလူဦးရေ (၁၅၉၄)ဦးနှင့် ပဥ္စမအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လှိုင်းဘွဲမြို့ အောင်ဆန်း ခန်းမတွင် လူဦးရေ(၂၄၀)ဦး၊ပိုက်ကျုံတိုက်နယ်ဆေးရုံတွင် လူဦးရေ(၃၀၀)ဦး၊ မြိုင်ကြီးငူ တိုက်နယ်ဆေးရုံတွင် လူဦးရေ(၁၆) ဦး စုစုပေါင်းလူဦးရေ( ၅၅၆) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)