ရှမ်းရွာသစ် ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နှိုးဆော်ချက်များတွင် အတတ်နိုင်ဆုံး အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်းမပြုကြရန်၊ အရာဝတ္ထုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောကြရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ် ကြရန်၊ သန့်ရှင်းလတ်ဆက်သော အစားအသောက်များကို ရွေးချယ်စားသုံးကြရန်၊ အစားအသောက် များကို ကျက်အောင်ချက်ပြုတ်စားသောက်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တပြေး ညီထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြပါရန်၊ မိမိတို့၌ ရောဂါပိုးရှိ သည်ဟု သံသယဝင်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီးဆေးကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ရန်အတွက် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင် ပေးကြရန် စသည့်အချက်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)