ဘားအံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ဘားအံ၊ ဒီဇင်ဘာ   ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် စာသင်ကျောင်းများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကွင်းဆင်း၍ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့  နံနက်ပိုင်းတွင် အ-ထ-က(၄)ကျောင်းမှ ကျောင်းသား/သူများအား ပြုလုပ်ပေးလျက်ရှိ‌ကြောင်း သိရသည်။  

ကျောင်းသား/သူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြား ၃/ဘအန(နိုင်)ကို ဘားအံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြုလုပ်ပေးရာတွင် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများက ကျောင်းသား/သူများ၏ ကိုယ်ရေးအချက်အလက်များ ရေးသွင်းကူညီဆောင်လျက်ရှိပြီး  မြို့နယ်ဦးစီးမှူးက စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ဘားအံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား  ဆောင်ရွက်ပေးခြင်းကို အခြေခံပညာမူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများသို့ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ လက်ရှိအချိန်တွင် ကျောင်း(၃) ကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း(၆၉)ဦးကို ပြုလုပ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး မြို့နယ်အတွင်းရှိ ကျောင်းများသို့ ဆက်လက်ကွင်းဆင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)