ပုသိမ် ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာန၏ အစီအစဉ်ဖြင့် ဆည်၊ တမံ၊ ကန်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားအား ယမန်နေ့က ပုသိမ်မြို့ရှိ ကန်သုံးဆင့်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။ ကန်သုံးဆင့်တွင် ငါးမျိုးစိုက်ထည့်ရာ၌ ငါးမြစ်ချင်းကောင်ရေ နှစ်သိန်း၊ ငါးခုံးမကောင်ရေ တစ်သိန်းနှစ်သောင်း၊ ငါးသလောက်ကောင်ရေ ငါးထောင်၊ စုစုပေါင်း ငါးကောင်ရေ ၃၂၅၀၀၀ စိုက်ထည့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)