မြဝတီမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ပြုလုပ်

မြဝတီ ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့ လည်(၁၁)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုတင့်က  အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်က နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မပျောက်ပျက်အောင်ကာကွယ်ထိန်းသိမ်းကြရန် အသိပညာပေး ရှင်းလင်းပြောကြားသည်။

ထို့နောက်မြဝတီမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် အသက်(၁၂)နှစ်နှင့်(၁၈)နှစ်အကြား ကျောင်းသား(၄၀)ဦး၊ကျောင်းသူ(၅၆)ဦး စုစုပေါင်း ကျောင်းသား‌ ကျောင်းသူ(၉၆)ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၆) ကတ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်သောင်း၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးရဲဇင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်‌စီမံရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ပညာရေးမှူးဦးမြင့်ဦးနှင့် သက်ဆိုင်ရာ တာဝန် ရှိသူများက တက်ရောက်ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်‌ကြောင်း သိရသည်။

မန်းသန်ရွှေမြင့်(ပြန်/ဆက်)