မြဝတီမြို့တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) အထိမ်းအမှတ် ဖူဆယ်လ်ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်ပပြလုပ်

မြဝတီ ဒီဇင်ဘာ ၂၉

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) အထိမ်းအမှတ် ဖူဆယ်လ်ဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လက်အောက်ခံ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ ဖူဆယ်လ်စတားဘောလုံးကွင်းတွင် ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က စတင်ကာ ကျင်းပ ပြုလုပ်လျက်ရှိကြောင်း  သိရသည်။

ဖူဆယ်လ် ဘောလုံးပြိုင်ပွဲကို (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ (အကြို) အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်း၌ မျိုးဆက်သစ် လူငယ် ကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါ ဆယ်လ်ဘောလုံးပြိုင်ပွဲ ကို အသင်း(၃)နှင့် ပတ်လည်စနစ်ဖြင့် အုပ်စုခွဲကာ ယှဉ်ပြိုင်ကစားကြပြီး  ပြိုင်ပွဲသို့လည်း မြို့ပေါ်ရပ်ကွက် အတွင်းရှိ လူငယ်များနှင့် အသင်းများဖွဲ့ကာ ပါဝင်ယှဉ်ပြိုင် ကစားကြသည်။

ထို့နောက် ဆုရရှိသည့်အသင်းများအား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ် ကုန်တင်ကုန်ချ ကော်မတီရုံးမှ ဦးစီးအရာရှိဦးနိုင်စိုးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)